ဝဋ်လည်ပြီ - နန်းလုံးကြိုင်

ချမ်းမင်းနောင် အဖေ့အကြောင်းတွေ နားမဆန့်အောင် ကြားရတယ် ။ အဖေ့ကို ခုထိ ဘာမှ မမေးဖြစ်သေး ။ မေးလည်း မမေးချင် ။

တချို့က ပြောကြတာ အမေ ရှိနေတုံးထဲက အဖေက သည် မိန်းကလေးနဲ့ ညိစွန်းနေတာ တဲ့ ။ နောက်တဦးက ပြောပြတာကတော့ အမေ့အသုဘမှာ အဖေနဲ့ ညိနေတယ် ဆိုတဲ့ သည် ၀ိုင်း ဆိုတဲ့မိန်းကလေးက အမေ့အလောင်း မြေကျတာကိုတောင် မစောင့်ဘဲ အဖေ့ အခန်းထဲကို ၀င်တာ တဲ့ ။ပုလွေများ ကိုင်ပေးသလား တော့ မသိဘူး ။ အတွင်းလူ တယောက် ပြောပြတာ ။ ဦးဦး အားငယ်နေမှာ စိုးလို့ အားပေးဖို့...တဲ့ ။

သည် မိန်းကလေးကို ချမ်းမင်းနောင် မတွေ့ဖူးဘူး ။ ဓါတ်ပုံတွေ ဘာတွေလည်း မမြင်ဖူးဘူး ။
မိသားစုထဲက လူတွေနဲ့ အဖေ့တပည့်တွေက အဖေ့ကို ကြောက်ကြတယ် ။ ချမ်းမင်းနောင် မေးတာတောင် “ မသိဘူး...” ဘဲ ဖြေကြတယ် ။ ချမ်းမင်းနောင်ကလည်း ဒီကောင်မကို မတွေ့ဖူးချင်ပါဘူး ။ အဖေ အပျော်အပျက် လုပ်တာ လို့ဘဲ သဘောပိုက်ထားလို့ ။

ချမ်းမင်းနောင် မြန်မာပြည်က ထွက်ခဲ့ပြီးနောက်မှ သည် ကောင်မ နဲ့ အဖေနဲ့ တွေ့ကြတာ ။
အဖေ ရိုက်တဲ့ ဂေါက်ကွင်းက ဂေါက်အိတ် ထမ်းပေးတဲ့ ကယ်ရီလို့ သိရတာဘဲ ။

ချမ်းမင်းနောင်လည်း ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာနဲ့ အဖေနဲ့လည်း ရန်မဖြစ်ချင်တာနဲ့ မသိသလို နေခဲ့တယ် ။ မြန်မာပြည်က လူတွေနဲ့ ထိတွေ့တိုင်း သူတို့က အဖေ့အကြောင်းကို ပြောပြကြတယ် ။ အဖေက အသက်ကြီးမှ မိန်းကလေး ငယ်ငယ်လေးနဲ့ တွဲနေတာကို ပျက်ရယ်ပြု ချင်ကြတယ် ။ အဖေ့ဇာတ်လမ်းကလည်း ၁၈+ အပြာစာပေက ဇာတ်လမ်းတပုဒ်လိုဘဲ ။ သိတယ်မှုတ်လား ။ ဘုရားသွား ကျောင်းတက် လုပ်ရမယ့် အချိန်မှာ အဖေက ငယ်မူပြန်ပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘူးလေ ။

ညီဝမ်းကွဲတယောက်ရဲ့ သင်္ဘော နယူးယောက်ဆိပ်ကမ်း ကို ၀င်လို့ သူ့ကို သွားတွေ့တယ် ။ မတွေ့တာက ၁၀နှစ်လောက် ရှိပြီ လေ ။ညီဝမ်းကွဲ့ အဖေကဘဲ မြေတောင်မြှောက်ပေးခဲ့တဲ့ ချာတိတ် ။

သူက အဖေ့ရဲ့ မွေးစားသား လိုဘဲ ။ အဖေ့အပေါ် အမြဲ စောင့်ရှောက်နေတဲ့ကောင် ။ သူက တွေ့ပြီး မကြာခင်မှာဘဲ အဖေနဲ့ သည် ၀ိုင်း ဆိုတဲ့ ကောင်မ က တအားကို ကဲနေပြီ သဲနေပြီ....အကိုရေ   ..အကို့အဖေတော့ ဆေးမိနေပြီ တဲ့ ။

ချမ်းမင်းနောင်လည်း ရယ်ပြီးဘဲ နေလိုက်တယ် ။ ဒါပေမယ့် သည် ညီဝမ်းကွဲလေးနဲ့ ရန်ကုန်က ရောက်နေတဲ့ အဖေ့မိတ်ဆွေ တယောက် ရှိနေတဲ့ ကွင်းစ်ရပ်ကွက် ကို သွားကြတော့ အဖေ့မိတ်ဆွေက “ ချမ်းမင်းနောင်..မင်းအဖိုးကြီးတော့ တဖုတ်သပ် ဖြစ်နေပြီကွာ..လုပ်လည်း လုပ်နိုင်တော့တာ မဟုတ်ဘူး....ကောင်မကဘဲ အပေါ်က တက်ဆောင့်ပေးနေတယ် လို့ ငါ ကြားတာဘဲ....ငါက ပြောပါတယ်..အန်ကယ်.....ပုလွေ ရတာ လောက်နဲ့ အပိုင် မသိမ်းထားချင်ပါနဲ့..မတန်ပါဘူးလို့.....” လို့ လူကြားထဲ ပြောလိုက်တော့ ချမ်းမင်းနောင်လည်း မျက်နှာပူသလို ရှက်သလို ခံစားလိုက်ရတယ် ။ သည် အဖေ့မိတ်ဆွေက အဖေ့ထက် အသက်ငယ်တယ် ။ သူတို့က စီးပွားရေးသမားတွေ ပေါ့ ။
အဖေက သူ့ထက် ငယ်တဲ့ လူတွေနဲ့ ပေါင်းပြီး သူတို့ကို အားကျပြီး မိန်းကလေး ငယ်ငယ်နဲ့ ညိတာ  လို့ ညီဝမ်းကွဲက ပြောပြတယ် ။ သူ့အပေါင်းအသင်းတွေ အလည်မှာ သူ ငယ်ငယ်လေး ဖန်နိုင်တယ် ဆိုပြီး အဖေ ဂုဏ်ယူ ၀င့်ကြွားနေပုံရတယ် ။

မင်းအမေကလည်း ဆုံးသွား..မင်းးကလည်း အဝေးမှာ ရောက်နေတော့ မင်းအဖေလည်း တယောက်ထဲ အထီးကျန်ဆန်ပြီး ဆေးပေးမီးယူ အဖေါ်လိုအပ်တယ် ထင်ပါတယ်ကွာ......အဖိုးးကြီး ပျော်ပါစေ.. လို့  အဖေ့မိတ်ဆွေ ကိုဖရက်ဒီက ပြောသွားတယ် ။ သူက အဖေ့ဘော်ဒါပေမယ့် အဖေဖ့ထက် အသက်က အများကြီး ငယ်တယ် ။ အဖေက သူ့ကို အတွင်းရေးတွေ အကုန်လုံးကို ပြောပြတဲ့ပုံရှိတယ် ။ ချမ်းမင်းနောင် သိပြီးသားလို့ သူ ထင်နေပြီး အဖေက ဘိုင်ရာဂရာတွေ စွတ်သောက်ပြီး ကြမ်းနေတယ်..အန်ကယ် တော်ကြာ ဘိုက်ပေါ်မှာတင် အသက်ပျောက်သွားနေအုံးမယ် လို့ ဟာသလုပ် ပြောရတဲ့အကြောင်း ချမ်းမင်းနောင်ကို ပြောပြနေတယ် ။

နွားနို့စစ်စစ် အပြင်မှာ ၀ယ်သောက်လို့ ရရဲ့သားနဲ့ ဘာလို့ အန်ကယ်လ်က နွားတကောင်လုံး ၀ယ်ချင်ရတာလဲ
လို့ ငါ မင်း ဖါးသားကြီးကို မေးပါတယ်ကွာ ...သူက အပြင်မှာ လက်လီ စားနိုင်တာတွေက ပစ္စည်းမသန့်ဘူးဘဲ
ထင်နေတာ ...ဟီး..အေကိုက်မှာ လန့်တယ်နဲ့ တူပါတယ်.....လို့ အဖေ့ဘော်ဒါ နောက်တယောက်ကလည်း ပြောပြတယ် ။

အဖေ ဘာတွေ လျှောက်လုပ်နေသလဲ ။
သည် ကောင်မက အဖေ့လို အိုနာရွတ်တွကြီးကို ချစ်မတဲ့လား....။ အဖေ့ရဲ့ ငွေကိုဘဲ ချစ်လို့ မက်လို့ အဖေနဲ့ လာညိတာဘဲ ဆိုတာ အဖေ မသိဘူးလား ။

ဆွေမျိုးမိတ်ဆွေ အသိုင်းအ၀ိုင်းကြားမှာ ရှက်စရာကြီး ။ ချမ်းမင်းနောင်ရဲ့ မိန်းမ ချယ်ရီနောင်တို့ဖက်က မိသားစု ဆွေမျိုးတွေလည်း ချမ်းမင်းနောင်ရဲ့ အဖေ ဦးစိုးနောင်ကြီး ချာတိတ်မလေးနဲ့ လက်တွဲပြီး ရန်ကုန်မြို့လည်က ဆိုင်တွေ ကုန်တိုက်တွေမှာ ရှော့ပင်ထွက်နေတာတွေ စားသောက်ဆိုင်တွေမှာ စားသောက်နေတာတွေကို တွေ့ကြလို့ ချယ်ရီနောင့်ဆီကို သတင်းပို့ကြတယ် ။

ချယ်ရီနောင်ကလည်း ကိုကို့အဖေ ကို မပြောတော့ဘူးလား..ဒီလိုဘဲ လွှတ်ထားလား....ဒီကလေးမက အဖိုးကြီးကို အမေပေးတဲ့ လယ်တကွက်နဲ့ လုပ်စားနေတာ..ဘာညာကွိကွတွေ လာလာပြောတယ် ။ အဖေနဲ့ ဒီကောင်မ က အသက် လေးဆယ် ကွာတယ် ဆိုဘဲ ။ အသက် ၆၀ကျော် နဲ့ အသက်၂၀လေ  ။
ဘယ်လိုဘဲ မသိချင်ယောင် ဆောင်နေပေမယ့် တနေ့မှာ အဖေက သည် ၀ိုင်း ဆိုတဲ့ ကောင်မနဲ့ လက်ထပ်တော့မယ် လို့ ကြားလိုက်ရတဲ့ အခါ ချမ်းမင်းနောင် တော်တော်ကြီး စိတ်ညစ်သွားခဲ့တယ် ။

အရင်က အဖေ အပျော်သဘောဘဲ လုပ်နေတယ် လို့ ချမ်းမင်းနောင် ထင်ခဲ့လို့ အဖေ့ကို ဘာမှ မပြောဘဲ လွှတ်ထားခဲ့တာပါ ။

အတည်ပေါက် လက်ထပ်မယ် ဆိုတဲ့ အချိန်မှာ ချမ်းမင်းနောင် လည်း အဖေ့ကို ပြောမှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်လိုက်တယ် ။

ချမ်းမင်းနောင်မှာလည်း သမီးတယောက် သား တယောက် နဲ့ ဆိုတော့အမေကျန်ခဲ့တဲ့ အတွင်းပစ္စည်းတွေကို သည် ကောင်မ ရသွားတယ် ဆိုတဲ့ သတင်းကလည်း ကြားလိုက်ရသလို လက်ထပ်ပြီးရင် အဖေ့မယား အနေနဲ့ သူတို့မိသားစုပိုင် တိုက်နဲ့ ခြံကိုလည်း သည်ကောင်မ ရတော့မှာမို့ အဖေ့ကို ဖုန်းဆက် မေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ဖုန်းဆက်လိုက်တယ် ။ အဖေ့ကို “  ဘယ်လိုဖြစ်တာလဲ အဖေ..တကယ်ကြီးဘဲ မိန်းမယူတော့မှာလား..” လို့ သူက စမေးတယ် ။

သူ့အဖေက ဒေါသနဲ့ တုံ့ပြန်တယ် ။

“ ဟေ့ကောင်..ချမ်းမင်းနောင်..မင်းလည်း မိန်းမ ကြိုက်တာဘဲကွ..မင်းအကြောင်း ငါသိတယ်.....မင်း စောက်ပတ် ဘယ်လောက် ကြိုက်တယ် ဆိုတာ ငါ အသိဆုံး . ..ငါလည်း  ယောက်ျားကွ......မိန်းမကြိုက်တယ်....မင်းကိုယ်ချင်းစာပေါ့ကွာ.....So...What.....ဘာဖြစ်လဲ.....” လို့ အော်လိုက်တယ် ။

ချမ်းမင်းနောင်လည်း “ ကျနော် စောက်ပတ်ကြိုက်တယ် ဆိုတာက မိန်းမ မရခင်က အဖေ..အခု ကျနော် မိန်းမ
ရှိနေပြီ..ကလေးလည်း နှစ်ယောက်...သူတို့ကို ကျောင်းထားနေရတယ်....ကျနော်က စောက်ပတ်ကို ကြိုက်ရုံဘဲ ကြိုက်တာ.....အဖေကတော့ စောက်ပတ် ကြိုက်တာ မဟုတ်ဘဲ စောက်ပတ်ကို ကိုးကွယ်နေတာဘဲ...” လို့ ပြန်အော်တယ် ။  အဖိုးကြီး ဒေါသတွေ တအားကြွပြီ ။

“ ဟေ့ကောင်..အဖေကို စော်ကားတဲ့ကောင်..မင်း မြေမြိုမယ့်သား.... ကြည့်နေ..မင်း ၀ဋ်လည်မယ်..မင်း ...၀ဋ်လည်လိမ့်မယ်.....” လို့ အဖိုးကြီး အော်ဟစ်ပြီး ဖုန်း ချသွားခဲ့တယ် ။

ဒီနောက်ပိုင်း သူ့အဖေက သူလုပ်ချင်တာကို လုပ်ဖြစ်အောင် လုပ်တာပါဘဲ ။

အဖေနဲ့ တင်းမာခဲ့ကြပြီး တယောက် နဲ့ တယောက် မဆက်ဆံကြတော့တာ အကြာကြီးဘဲ ။ အဖေ မသေခင်မှာ သူနဲ့ စကားပြန်ပြောဖြစ်ကြပေမယ့် အဖေနဲ့သူ ဖုန်းထဲ တယောက်နဲ့ တယောက် နစ်နစ်နာနာ ပြောခဲ့ဆိုခဲ့တာတွေကို အဖေ တအား စိတ်နာပြီး သူ့ဆွေမျိုးတွေကို လိုက်ပြောပြတယ် ဆိုတာ ချမ်းမင်းနောင် နီးစပ်တဲ့လူတွေ ဆီက ပြန်ကြားခဲ့ရတယ် ။

အဖေ သေပြီး သုံးနှစ် အကြာမှာ ချမ်းမင်းနောင်နဲ့ သူ့မိန်းမ ချယ်ရီနောင်လည်း ရန် အကြီးအကျယ်တွေ ဖြစ်လို့ ကွဲကြမယ် အထိ ဖြစ်ခဲ့တယ် ။ တယောက်နဲ့ တယောက် ညှိလို့ မရဘဲ ကွာရှင်းပြတ်စဲကြဖို့အထိ ဖြစ်လာတယ် ။ သားနဲ့ သမီး တို့ကို ငဲ့ကွက်ပြီး မကွဲကြဖို့ ဆွေမျိုးမိတ်ဆွေတွေက တားကြပေမယ့် မာနထောင်လွှားတဲ့ ချယ်ရီနောင်က ချမ်းမင်းနောင်ကို ပြင်းပြင်းထန်ထန် ရန်လုပ်တာကြောင့် တယောက် တကွဲ နေကြတဲ့ အထိ ဖြစ်သွားရတယ် ။

ဒီအချိန်မှာ ချမ်းမင်းနောင်လည်း သူ့ထက် အသက် အများကြီး ငယ်တဲ့ ရှယ်နန် ဆိုတဲ့ ကောင်မလေး နဲ့ ဆုံမိကြတယ် ။

ဆံပင်ညိုဖျော့ဖျော့ မျက်လုံးပြာပြာ အသားဖြူဆွတ်ဆွတ်နဲ့ ရှယ်နန်သည် ရင်သားတွေက သိသိသာသာ ထွားတင်းပေမယ့် ကိုယ်လုံးက ဗစ်တိုးရီးယား ဆီးခရက် မော်ဒယ်တွေလို ပိန်သွယ်သွယ်လေး ။ တင်လုံးလုံးကလေးက သူ့မိန်းမ ချယ်ရီနောင်ရဲ့ တင်ပါးတွေလို စွင့်စွင့်ကားကား မဟုတ် ။ကလေးတွေ ကစားတဲ့ ဘာဘီဒေါလ် အရုပ်ကလေး လိုဘဲ ။
သို့ပေမယ့် ရှယ်နင်နဲ့ အတူတူ ဖယောင်းတိုင်မီးလေး ထွန်းထားတဲ့ စားသောက်ဆိုင်လှလှတွေမှာ ခေါင်းချင်း
ဆိုင်ပြီး ယမကာ မှီဝဲရတာ...စတားဘတ်ခ်ကော်ဖီဆိုင်မှာ အတူတူ ထိုင်ရတာတွေက သူ့အတွက် အင်မတန်လှပတဲ့ ကဗျာလေးတပုဒ် ။

ချမ်းမင်းနောင်လည်း မိန်းမနဲ့ အဆင်မပြေလို့ စိတ်ဆင်းရဲ အထီးကျန်ဆန်နေတဲ့အချိန်မို့ ရှယ်နန်က သူ့ကို တွေ့တိုင်း ပြုံးပြုံးလေးနဲ့ ချစ်စရာ တီတီတာတာ စကားလေးတွေ ပြောတာမို့ ရှယ်နန့်ကို သံယောဇဉ် ပိုမိလာတယ် ။ ရှယ်နန်နဲ့ နေ့တိုင်းလို ကော်ဖီဆိုင် ထိုင်ကြတယ် ။နေ့လည်စာ အတူတူ ထွက် စားကြတယ် ။ ရှယ်နန်ကို မတွေ့ဘဲ မနေနိုင် ဖြစ်လာတယ် ။ တနေ့တနေ့ ရှယ်နန် အတွက်ဘဲ စားစရာတွေ လက်ဆောင်တွေ သူ ၀ယ်ပို့တယ် ။

ရှယ်နင်က မြန်မာပြည်အကြောင်း စိတ်ဝင်စားတယ် ။ သူမရဲ့ ဘော့စ်က နေပြည်တော်ကို စီးပွားကုန်သွယ်တဲ့
ကိစ္စအတွက် ရောက်ဖူးတယ်လို့ ပြောပြတယ် ။ သူလည်း တနေ့ကျရင် ချမ်းမင်းနောင်နဲ့ မြန်မာပြည်ကို လိုက်လည်ချင်တယ်လို့ ပြောတယ် ။

ချမ်းမင်းနောင်လည်း တခြား ပြည်နယ်တခုမှာ သင်တန်း သုံးရက် သွားတက်ရမယ် ။ ရှယ်နင်လေးနဲ့ ခွဲရမှာမို့ သိပ်
စိတ်မပါလှဘူး ။ ရှယ်နင်ကို ပြောပြတော့ ရှယ်နင်ကလည်း ငါလည်း မင်းနဲ့ မတွေ့ဘဲ မနေနိုင်တော့ဘူးလို့ ပြောတယ် ။ ဒါနဲ့ သူသွားမယ့် ခရီးကို ရှယ်နင့်ကိုပါ ခေါ်သွားဖြစ်တယ် ။ ဘာပြောကောင်းမလဲ ။

ဟိုရောက်တဲ့အချိန် ဟိုတယ် အခန်းထဲ ရောက်တာနဲ့ ရှယ်နင်နဲ့သူ အငမ်းမရတွေ ပေါက်ကွဲကုန်တယ် ။ အပီအပြင် ဖြုတ်ဖြစ်သွား
ကြတယ် ။

ရှယ်နင့်ရဲ့ အင်္ဂါစပ်ကို တပ်မက်စွာနဲ့ သူ နမ်းတယ် ။ ယက်တယ် ။ စုတ်တယ် ။ ရှယ်နင်ကလည်း သူ့တန်ဆာကို အပီအပြင် စုတ်ပေးတယ် ။ ပုံစံမျိုးစုံနဲ့ စပ်ယှက်ကြတယ် ။မိန်းမနဲ့ အဆင်မပြေဖြစ်ပြီး မိန်းမနဲ့အတူတူ မအိပ်တာ ကြာလို့ ရှယ်နင့်ကို ဖြုတ်ရတာ တကယ့်ကို အရသာထူးသလိုဘဲ ။ ရှယ်နင်ကလည်း ဆာလောင်မွတ်သိပ်နေတဲ့ပုံ ။ လုပ်လိုက်ကြတာ နေ့ရောညပါ ။

မတတ်သာလို့သာ သင်တန်းသွားတက်ရပေမယ့် နေ့ရောညရော ရှယ်နင့် အင်္ဂါစပ်နဲ့ သူ့ပါးစပ် မခွာတမ်း အချစ်
တွေ ကြမ်းလိုက်တယ် ။
အဲဒီ ခရီးက ပြန်ရောက်ကြပြီး ရှယ်နင်နဲ့သူ ပွင့်ပွင့်လင်းလင်း ဖြစ်သွားကြတော့ ရှယ်နင့် တိုက်ခန်းမှာ ဖြုတ်ကြ
လတ်တလော သူနေနေတဲ့ မိုတယ်မှာ ဖြုတ်ကြ ..ပွဲဆက်တွေ ကြမ်းကြတော့တာဘဲ ။

သည်နေ့ နေ့လည် ထမင်းစားချိန်မှာ ရှယ်နင်က အရေးကြီးအလုပ် ပေါ်လာလို့ သူ့ရုံးကနေ ဆင်းမလာနိုင်ဘူး ။
ထိုင်နေကျ စတားဘတ်ခ်ကော်ဖီဆိုင်မှာ သူ တယောက်ထဲ ထိုင်နေတယ် ။ လက်ပ်တော့လေး ဖွင့်ပြီး ရှယ်နင်နဲ့
ခရီးထွက်တုံးက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို ကြည့်မိနေတယ် ။ ရှယ်နင် အလုပ်ပြီးပြတ်သွားရင် ဒီကို လိုက်လာမှာ ။

အရမ်းကို ချစ်မိနေပြီ ။ ချစ်မိသွားပြီ ။ ရှယ်နင့်ကို လက်ထပ်ချင်တယ် ။ လုံးဝကို မခွဲနိုင် မခွဲချင်တော့ဘူး ။

သည်အချိန်မှာ ဆိုင်ထဲကို သူ့သားနဲ့သမီး ၀င်လာတာကို တွေ့လိုက်ရတယ် ။
“ ဟင်....ပေါက်ပေါက်....ဘိုဘို........”
သားနဲ့ သမီးက မျက်နှာ မကောင်းဘူး ။

သူ လက်ပ်တော့ကို ပိတ်လိုက်တယ် ။

သမီးက “ ဒက်ဒီ....ဒက်ဒီ လုပ်နေတာတွေကို ရပ်တန်းက ရပ်လိုက်ပါ..သမီး ရှက်တယ်.....” လို့ ပြောလိုက်သလို သားကလည်း သူ့ညီမနဲ့ တလေသံထဲ..“ ဟုတ်တယ်..ဒက်ဒီ..မာမီနဲ့ ကွဲမယ် ဆိုတာကို သားတို့ ဘာမှ ၀င်မစွက်
ချင်ပါဘူး...ဒက်ဒီတို့ သဘောပါ..ခုဟာက ကိုယ့်ထက် အများကြီး ငယ်တဲ့ မိန်းကလေး တယောက်နဲ့ လုပ်နေ
တာက မသင့်တော်ဘူးထင်တယ်..ဒက်ဒီ.....အိမ်ထောင်ပြုချင်ရင်လည်း မာမီနဲ့ ကွဲပြီးတဲ့အခါ ကိုယ်နဲ့ မတိမ်းမ
ယိမ်း မိန်းမတယောက်နဲ့ လုပ်လိုက်ပေါ့...” လို့ ၀င်ပြောတယ် ။
“ ဘယ်လို ဖြစ်ကြတာလဲ..သားတို့ သမီးတို့ရယ်...ဘာလို့ အဖေ့ ကိုယ်ရေးကိုယ်တာ ထဲ ၀င်စွက်ဖက်နေကြ
တာလဲကွ..” လို့ ခပ်မာမာ ပြန်ပြောမိပြီး ဒေါသထွက်လာတယ် ။

“ ဒက်ဒီ လုပ်တာတွေ မဟုတ်လို့ ၀င်စွက်ဖက်ရတာပေါ့..” လို့ သမီးပေါက်ပေါက်က အော်တယ် ။ ဆိုင်ထဲမှာ ဘေး
လူတွေတောင် လှည့်ကြည့်ကုန်ပြီ ။ သားကလည်း..“ ဒက်ဒီ..တဏှာမရူးနဲ့ဗျာ..အသက်လည်း ကြီးပြီ...ကိုယ့်သမီး
အရွယ်လေးနဲ့ ကြည့်မကောင်းပါဘူး....လူတွေက ဒဲတီးအိုးလ်မင်း လို့ ပြောနေကြပြီ.....”လို့ အော်ပြောတယ် ။

“ ဟုတ်တယ်...ဘိုဘို..ဒက်ဒီဟာ တဏှာရူးကြီး..သားသမီးတွေကို မချစ်တဲ့ မငဲ့ကွက်တဲ့ တဏှာကြီးတဲ့လူကြီး...”
လို့ သမီးက ငိုရင်း ပြောလိုက်တယ် ။

“ ဟာ......ဒီ ကလေးတွေ....”

သည် အချိန်မှာဘဲ တချိန်က သူ့အဖေ ဦးစိုးနောင်ကို သူ ရင့်ရင့်သီးသီး ပြောခဲ့တာတွေကို ဖျတ်ကနဲ သတိရ
လိုက်မိသလို သူ့အဖေက သူ့ကို “ မင်း ၀ဋ်လည်မယ်.....” လို့ ပြောခဲ့တာကို ပြန် ကြားယောင်မိသွားတယ် ။

အင်း....အဖေ...အဖေ ပြောတာမှန်တယ်.....။

ကျနော်..ကျနော် ၀ဋ်လည်နေပြီ ....အဖေ.....။ ချမ်းမင်းနောင် တီးတိုး ရေရွတ်လိုက်တယ် ။

ဝဋ် ဆိုတာ မသေခင်မှာဘဲ လည်တတ်ပါလား ။

No comments:

Post a Comment